お知らせ 2025.05.01

ミャンマー地震への緊急支援を実施

 2025年3月28日午後、ミャンマー中部を震源とするマグニチュード7.7の地震が発生し、マンダレー、ネピドー、ザガイン管区を含む各地で甚大な被害が出ました。
 病院の倒壊により治療が困難となり、数百人が死亡。倒壊した建物の下に閉じ込められた多くの人々が未だ救助を待っていますが、重機不足や道路寸断、通信障害のため救助活動は難航しています。被害者数は今後さらに増加する見込みです。

 弊社では、企業の社会的責任(CSR)の一環として、被災された方々を支援するため、日本発祥の国際医療NGO「ジャパンハート」に、義援金として75万円を寄付いたしました。

「ジャパンハート」は現地で倒壊した病院の再建や、被災者への食料、水、衣類などの基本的な生活必需品の提供などを実施しており、弊社の支援も被災者の方々に直接届けられる見込みです。

義援金による支援内容
■マンダレー・ザガイン・ネピドー周辺への医療物資支援
■ワッチェ慈善病院の復旧工事
■ワッチェ慈善病院の復旧工事完了後、中長期での医療支援
(工事完了後すぐに再開。現状は青空診療を行っている)

現地での支援活動の様子

                           (出典:ジャパンハートWebサイトより)

ジャパンハート概要

名称(認定)特定非営利活動法人 ジャパンハート
東京事務所(本部)〒111-0042
東京都台東区寿1丁目5-10 1510ビル3階
設立年月日2004年4月1日(ボランティア団体 設立)
2008年11月28日(NPO法人格 取得)
理事長吉岡春菜
最高顧問吉岡秀人
Webサイトhttps://www.japanheart.org/

今回の義援金が、被災地の復旧および被災者の皆さまの生活再建に少しでもお役に立てれば幸いです。引き続き、社員一同、地域社会や世界の平和と安定に貢献できる企業であり続けるため、真摯に努力してまいります。

မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်‌‌‌‌‌ဒေသများအတွက် အရေးပေါ်ထောက်ပံ့ပေးအပ်ခြင်း

 ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား၇.၇ ရှိသော ငလျင်ဖြစ်ပွားခဲ့ပြီး ၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးများအပါအဝင် နိုင်ငံတစ်ဝှမ်း ပြင်းထန်သော ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့ပါသည်။
 ဆေးရုံများ ပြိုကျပျက်စီးမှုကြောင့် ဆေးကုသမှု ခက်ခဲလာပြီး လူဦးရေ ရာနှင့်ချီသော သေဆုံးမှုများ၊
ပြိုကျပျက်စီးသွားသော အဆောက်အဦးများအောက်တွင် ပိတ်မိနေသော လူအမြောက်အများသည် အရေးပေါ်ကယ်ဆယ်မှု လိုအပ်နေသော်လည်း၊ စက်ကိရိယာ မလုံလောက်ခြင်း၊ လမ်းပန်းဆက်သွယ်‌ရေး ပြတ်တောက် ပိတ်ဆို့မှုများနှင့် ဆက်သွယ်ရေး ချို့ယွင်းမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲနေလျက်ရှိသည်။ငလျင်ဘေးသင့်ထိခိုက်ဆုံးရှုံးသူအရေအတွက် ပိုမိုတိုးပွားလာနိုင်ဖွယ်ရှိပါသည်။

 ကျွန်ုပ်တို့ကုမ္ပဏီသည် (CSR)လုပ်ဆောင်မှုတစ်ရပ်အနေဖြင့် ငလျင်ဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ရန် ဂျပန်နိုင်ငံတွင် တည်ထောင်ထားသော နိုင်ငံတကာဆေးဘက်ဆိုင်ရာ NGOအဖွဲ့အစည်း「Japan Heart」မှတဆင့် ဂျပန်ယန်းငွေ「၇သိန်း၅သောင်း」၊မြန်မာကျပ်ငွေ「သိန်း၁၀၀」ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

 「Japan Heart」 သည် မြန်မာနိုင်ငံရှိ ပြိုကျပျက်စီးသွားသော ဆေးရုံများပြန်လည်တည်ဆောက်ရေး၊ ငလျင်ဘေးသင့် ပြည်သူများအတွက် အစားအစာ၊ သောက်သုံးရေ၊ အဝတ်အထည် စသည့်
မရှိမဖြစ်လိုအပ်သော စားသောက်နေထိုင်မှု အထောက်အပံ့များကို ပံ့ပိုးပေးနေလျက်ရှိပြီး၊
 ကျွန်ုပ်တို့ကုမ္ပဏီ၏ ထောက်ပံ့ပေးအပ်မှုသည်လဲ ငလျင်ဘေးသင့်ပြည်သူများထံ တိုက်ရိုက် ပေးအပ်နိုင်မည်ဖြစ်သည်။

ထောက်ပံ့အလှူငွေဖြင့် ဆောင်ရွက်မည့် အထောက်အပံ့အကြောင်းအရာများ
■မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်ဒေသတစ်ဝိုက် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပေးအပ်ခြင်း။
■စစ်ကိုင်းတောင်ရိုး ဝါးချက် ဇီဝိတဒါနသံဃာ့ဆေးရုံ ပြန်လည်တည်ဆောက်ခြင်း။
■စစ်ကိုင်းတောင်ရိုး ဝါးချက် ဇီဝိတဒါနသံဃာ့ဆေးရုံ ပြန်လည်တည်ဆောက်ပြီးနောက်၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ ဆက်လက်ပံ့ပိုးခြင်း။

(ဆေးရုံ ပြန်လည်တည်ဆောက်ပြီးနောက် ချက်ချင်း ပြန်လည်စတင်ဖွင့်လှစ်ခြင်း။ လက်ရှိအခြေအနေတွင်  ဆေးရုံဝန်း ပြင်ပ၌ ဆေးကုသမှု လုပ်ဆောင်နေလျက်ရှိသည်။)

 ဤထောက်ပံ့အလှူငွေသည် သဘာဝဘေးအန္တရာယ်သင့်ဒေသများ ပြန်လည်တည်ဆောက်ရေးနှင့် ဘေးအန္တရာယ်သင့်ပြည်သူများ၏ လူနေမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အပံ့ဖြစ်နိုင်စေရန် မျှော်လင့်ပါသည်။ ရှေ့လျှောက် ကျွန်ုပ်တို့၏ကုမ္ပဏီဝန်ထမ်း အဖွဲ့သားများသည် လူမှုအသိုင်းအဝိုင်းနှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုအတွက် အကျိုးပြုနိုင်သော ကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်ဖြစ်တည်နိုင်ရန် လေးလေးနက်နက် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါသည်။